Animation Movies

Action Movies

Comedy Movies

Animation Movies

Action Movies

Featured Movies

{B_05}. Avengers Endgame (2019) MCU



{B_05}. Avengers Endgame (2019) MCU

IMDb…8.8,,,,,,Rotten…..95%
ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမလိုလှပါဘူး။အားလုံးလည်း သိနေကြမှာပါ။ Mad Titan ဖြစ်တဲ့ Thanos ဟာ စကြဝဠာကြီး အဓွန့်ရှည်ဖို့အနန္တကျောက်တုံးတွေကိုသုံးပြီး သက်ရှိ တစ်ဝက်တိတိ ဖျောက်ပစ်ခဲ့ပါတယ်။
ဒီအဖြစ်ကို အဗန်ဂျာတွေ ဘယ်လို ပြန်ကယ်တင်မလဲ ဘယ်လို လက်စားချေမလဲဆိုတာ ဒီကားမှာ တွေ့ရပါတော့မယ်။အားလုံးအကြိုက်တွေ့ကြမှာ သေချာပါတယ်။အက်မင်တွေတော့ ရုံမှာ ၃ ခေါက်လောက်ကြည့်ပြီး ဒီဗားရှင်းကိုငါးခေါက်လောက်ကို ပြန်ကြည့်ဖြစ်လောက်အောင် ကြိုက်ပါတယ်။ 
++++++++++++++++++++++++++++
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow)
( ဥာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။

Trailers

{A_18}.Gosnell The Trial of America's Biggest Serial Killer 2019

{A_18}.Gosnell The Trial of America's Biggest Serial Killer 2019

ဒီဇာတ်ကားကတော့ ဇာတ်ကားနာမည်ကြည့်တာနဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ ဇာတ်ကားရဲ့နာမည်ကမှာ သုံးထားတဲ့ အမေရိကန်နိုင်ငံရဲ့အကြီးမားဆုံးကွင်းဆက်လူသတ်သမား ဆိုတာ Kermit Gosnell လို့ခေါ်တဲ့ ဆရာဝန်ပါ။ ဆရာဝန်ဆိုပေမယ့် ရိုးရိုးဆရာဝန်မဟုတ်ပါဘူး၊ ကိုယ်ဝန်ဖျက်ချပေးတဲ့ဆရာဝန်ပါ။ ကိုယ်ဝန်ဖျက်ချပေးတာဟာ ကျွန်တော်တို့နိုင်ငံမှာ တရားမဝင်ပေမယ့် အမေရိကန်နိုင်ငံမှာတော့ တရားဝင်ပြုလုပ်ခွင့်ပေးထားတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ တရားဝင်ဆိုပေမယ့် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကတော့ တင်းကျပ်ပါတယ်။
Kermit Gosnell ကတော့ အဲဒီစည်းမျဉ်းတွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ကိုယ်ဝန်ဆောင်ကာလခြောက်လကျော်ရင် ဖျက်ချပေးခွင့်မရှိတာကို ဖျက်ချပေးတယ်။ သတ်မှတ်ဦးရေထက်ပိုပြီး လက်ခံပေးတယ်။ ဖျက်ချတဲ့နေရာမှာလည်း ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် သူ့ဆေးခန်းကသူနာပြုတွေကလည်း အတွေ့အကြုံမရှိတဲ့သူတွေ၊ စနစ်တကျလေ့လာသင်ယူမှုမရှိခဲ့တဲ့သူတွေချည်းပါပဲ။Kermit Gosnell ဆိုတဲ့ဆရာဝန်ကို ရဲတွေသံသယစရှိတဲ့အမှုက မူးယစ်ဆေးဝါးမှုပါ။ မူးယစ်ဆေးဝါးမှုနဲ့လိုက်ရင်း သူ့ဆေးခန်းမှာ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ဖူးတဲ့အကြောင်းကို သိရှိသွားတဲ့အခါမှာတော့ Philadelphia ရဲတပ်ဖွဲ့စုံထောက် James Wood ဟာ လူသတ်မှုဖြစ်နေနိုင်တယ်လို့ သံသယရှိသွားတဲ့အတွက် ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုစုံစမ်းစစ်ဆေးရင်းနဲ့ပဲ သူကျူးလွန်ခဲ့တဲ့အမှုတွေဟာ မီးခိုးကြွက်လျှောက်ပေါ်လာပါတော့တယ်။ Kermit Gosnell ကျူးလွန်ခဲ့တဲ့အမှုဆိုတာကတော့ ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာချမှတ်ထားတဲ့ တရားဝင်စည်းမျဉ်းတွေကို မလိုက်နာဘဲ သန္ဓေသားကိုအရင်ဖွားအောင်လုပ် မိခင်ဝမ်းရဲ့အပြင်ကိုရောက်လာမှ ရက်ရက်စက်စက်သတ်ပစ်တာပါပဲ။ Gosnell ရဲ့ရက်စက်ကြမ်းကြုပ်မှုတွေကို မခံနိုင်တဲ့ ခရိုင်ရှေ့နေ Alexis McGuire ဟာ အဲဒီမှာပဲGosnell ကိုတရားရုံးတင်ပြီး တရားစွဲဆိုဖို့ကြိုးစားပါတော့တယ်။ ဒီလိုတရားစွဲရတဲ့ကိစ္စဟာ လုံးဝမလွယ်ကူခဲ့ပါဘူး။ အကယ်၍တရားခွင်မှာ သူရှုံးနိမ့်သွားခဲ့ရင် Gosnell ဟာလူမည်းဖြစ်နေတဲ့အတွက် သူ့ကိုလူမျိုးရေးခွဲခြားသူလို့တံဆိပ်နှိပ်ခံရမယ့်အပြင် အလုပ်ပါပြုတ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ သို့ပေမယ့် ရှေ့နေ Alexis McGuire ဟာ တရားမျှတမှုအတွက် အရာအားလုံးကိုစွန့်စားပြီး ရဲရဲဝင့်ဝင့်တရားရင်ဆိုင်ခဲ့ပါတယ်။တရားရုံးမှာ စွဲချက်တင်ဖို့ကြိုးပမ်းပုံတွေကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ပြီးကြည့်ရှုလိုက်ကြပါ။

Trailers


{A_17}.An Affair to Die For(2019)

{A_17}.An Affair to Die For(2019)

ရင်တဖိုဖိုတမမ ဖြစ်ချင်တဲ့ Thrillerသမားတွေအတွက်
Erotic Thrillerသမားတွေအတွက် အသစ်ထွက်
Thrillerကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားကို အစကနဦးကတော့ အဂ္ဂသာခရစ္စတီရဲ့
ဇာတ်နဲ့တောင် သွားနှိုင်းသေးတယ်ဆိုပါပဲ။တွေ့နေကြနေရာတစ်ခု..
ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက် လာဆုံကြတယ်။
ယောကျာ်းက သူ့မိန်းမကိုလိမ်ပြီးလာတယ်
မိန်းမက သူ့ယောကျာ်းကိုလိမ်ပြီးလာတယ်။
ဖောက်ပြန်မှုရဲ့ အနောက်က ကျောခြင်းကပ်ပါလာတဲ့
ကံဆိုးမိုးမှောင်ကျမှုတွေအောက် တမုဟုတ်ချင်း
ကျရောက်သွားတဲ့အခါ….
သူတို့ရဲ့ မိသားစုဝင်တွေ အသတ်မခံရဖို့ကယ်ဖို့
လိုက်ဖမ်းတဲ့လူတွေနဲ့ အကွေ့အကောက်များတဲ့
Survival Gameတစ်ခုကို သူတို့ဆောရတော့မှာပါ။
သူတိုရဲ့ ပိတ်ရက်အလည်ခရီးက
သူတို့အသက်ရှင်ဖို့ ဘာမဆိုလုပ်ရတော့မဲ့
ဆိုက်ကိုညဏ်စမ်းကစားပွဲတွေနဲ့ အိပ်မက်ဆိုးတစ်ခု
ဖြစ်လာခဲ့တဲ့အခါ…


{A_16}.Master Z Ip Man Legacy ( 2019 )

{A_16}.Master Z Ip Man Legacy ( 2019 )

IP Man 3 ပြီးတဲ့အနောက်က Timeline ကိုဆက်လက်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်း ၀င်ချွန်းသိုင်းပညာကိုဦးတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်သလို သိုင်းကွက်..ချကွက်..ကြမ်းချက်တွေကတော့အရင် IP Man ဇာတ်ကားတွေလို ခပ်ကြမ်းကြမ်းပါပဲ..
ဒီကားရဲ့ IMDb Rate ကတော့ 7.2 ဖြစ်ပါတယ် ၀င်ချွန်း သိုင်းပညာရှင် ကျန်းကျစ်ယိဟာ ယိမန်နဲ့ယှဉ်ပြိုင်လို့ရှုံးနိမ့်ပြီးတဲ့နောက်မှာ သိုင်းလောကကနေ တိတ်တဆိတ်ထွက်ခွာလာခဲ့တယ်သာမာန်လူတစ်ယောက်အနေနဲ့ဖြတ်သန်းလာခဲ့တဲ့သူ့ဘ၀ထဲမှာသူများကိုကူညီရင်းနဲ့ပဲ မှောင်ခိုဂိုဏ်းတခုနဲ့ငြိမိပြီးဘယ်လိုအရှုပ်တွေဝင်လာမှာလဲ..ဘာတွေဆက်ဖြစ်မှာလဲဝင်ချွန်းသိုင်းကွက်ကိုမသုံးတော့ဖို့ဆုံးဖြတ်ထားခဲ့တဲ့ သူတစ်ယောက်ကဘယ်လိုမျိုးများဖြေရှင်းနိုင်မှာလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်

Trailers


{A_15}. The Hole in the Ground (2019)


{A_15}. The Hole in the Ground (2019)

IMDb…6.0ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. ဆရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့နှိပ်စက်မှုကြောင့် လူမမယ်သားငယ်ခရစ်ကို လက်ဆွဲပြီး တစ်နယ်တစ်ကျေးကိုထွက်ပြေးလာခဲ့တဲ့တယ်…ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ သူမအတွက် အရမ်းထိတ်လန့်စရာ တစ်ခုထပ်ကြုံရပြန်တယ်…
အဲ့ဒါကတော့  အိမ်နီးချင်း စိတ်မနှံ့သူအဖွားကြီးရဲ့ ကြောက်ရွံဖွယ်နောက်ခံဇတ်လမ်းတစ်ပုဒ်ကို သူမသိလိုက်ရတယ်…သူမ အဲ့ဒီအဖွားကြီးနဲ့ ထိတ်တိုက်မတွေ့ချင်ပေမယ့်လည်း တွေ့ခဲ့ရသလို သားငယ်ကလည်း တနေ့တစ်ခြားအမူအကျင့်တွေထူးခြားလာတယ်…. ..အဖွားကြီးက ဘာကြောင့် အရမ်းကြောက်စရာကောင်းတာလဲ….သူ့သားလေးကလည်း ဘယ်လိုတွေပြောင်းလဲလာတာလဲ….horror ကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့

Trailers


{A_14}.Flirting Scholar From The Future (2019)

{A_14}.Flirting Scholar From The Future (2019)

ဒီဇာတ်ကားလေးကတော့ခေတ်ဟောင်းကရုပ်ရှင်

လောကထဲဝင်ပြီးငယ်ဘ၀ကကြည်နူးခဲ့တဲ့ရုပ်ရှင်ကို

ပြန်ရောက်သွားကြတဲ့လူငယ်လေးတွေပါ

သူတို့ဝင်သွားတဲ့ရုပ်ရှင်ကတော…….

ဟာသမင်းသား (စတီဗင်ချောင်)ရုပ်ရှင်ပါ

ဟာသလေးတွေနဲ့အတူကြည့်လိုက်ရအောင်ပါ

Trailers



{A_14}. Velvet Buzzsaw(2019)

{A_14}. Velvet Buzzsaw(2019)

Velvet Buzzsaw(2019)IMDb….6.0,,Rotten….66%ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်….တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး…သို့ပေမယ့်ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှ
ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး …..ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး..ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်…သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ…ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘ၀ကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့…ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ…ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ…ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ…ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ…ကိုင်းခံစားကြည့်လိုက်ဦးဗျို့……တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင်လည်း မမှားဘူးထင်တယ်….

Trailers


{A_13}. Kung Fu Monster ( 2019 )

{A_13}. Kung Fu Monster ( 2019 )

Jan 3 ရက်နေ့ကမှ ရုံတင်ပြသသွားတဲ့ Kung Fu Monsterဆိုတဲ့ဇာတ်ကားကောင်း..ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလေးကတော့မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါး
တစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ်ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကိုတွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ်ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြားထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ..စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလိုMonster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ်

Trailers





{A_12}. The princess’s prisoner of war 2019

{A_12}. The princess’s prisoner of war 2019

“…..အေးဆေးနေတော့မယ်တဲ့

ငါရောအဲ့လိုနေရင်ဘယ်လောက်ကောင်းမလဲ

အဲ

ဘယ်သူနဲ့နေရမလဲ

ဆုံးဖြတ်ပြီးပြီလား

အင်း

ကျမအတွက်နဲ့ နိုင်ငံကိုစွန့်မလို့လား

ငါမရှိလဲ ဝူပြည်ကစစ်တိုက်ရင်တိုက်မယ်

ပြည်သူတွေလည်းအဆင်ပြေချင်ပြေမယ်

တောင်တွေရယ် ရေရယ် ပန်းတွေငှက်တွေရှိတဲ့နေရာရှာရအောင်

ခုလိုနေရာမျိုးပြန်ကိုမလာတော့ဘူး

ခုကစ ငါဗိုလ်ချုပ်မဟုတ်တော့ဘူး

မင်းလည်းမင်းသမီးလီမဟုတ်တော့ဘူး

ရှင်အမဲလိုက် လယ်လုပ်

ကျမကချက်ပြုတ် အဝတ်လျော်မယ်

ကလေး ၁ဝ ယောက်လောက်မွေးပေး

၁ဝ ယောက်တောင်မများလွန်းဘူးလား

၂ဝ လောက်တော့လုပ်….”

Trailers



{A_11}. Split Lip(2019)


{A_11}. Split Lip(2019) 

ဒီဇာတ်ကားကတော့ Action အသားပေးဇာတ်ကားတစ်ကားဖြစ်ပြီး အဓိကဇာတ်ဆောင်အဖြစ် လူမည်းသရုပ်ဆောင်များဖြစ်တဲ့Dorée Seay နဲ့ DeJean Brown တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်
============ထူးထူးဆန်းဆန်းဖွဲ့ထားတဲ့ ကြေးစားလူသတ်သမားအဖွဲ့မှာ Set(Dorée Seay) လည်း အပါအဝင်ပါပဲ…
သူတို့အဖွဲ့ရဲ့ အရေးအကြီးဆုံးအချက်က အလုပ်ကို အမှားမရှိအောင်လုပ်ဖို့ပါပဲ…မဟုတ်ရင်တော့ အဲ့ဒီအတွက်ပေးဆပ်ရမှာဖြစ်ပြီး ပြစ်ဒဏ်ကတော့ သေခြင်းပါပဲ...အဲ့ထဲမှာမှ အမှားလုပ်မိသွားတဲ့ Set တစ်ယောက် သူ့အသက်အတွက် ဘယ်လိုရုန်းကန်ရမလဲဆိုတာကတော့…

Trailers


{A_10}. The Legend of Secret Pass (2019)


{A_10}. The Legend of Secret Pass (2019)

ချက်စတာ၊ အိုင်ဝါ၊ ကီကီနဲ့ ရှယ်ဘီတို့ဟာ ဆုံးရှုံးမှုတွေရှိပြီး လမ်းပျောက်နေတဲ့ တိရိစ္ဆာန်ငယ်လေးတွေပါ။ သူတို့ဟာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နာတိုချူးဆိုတဲ့ ဒဏ္ဍရီလာနေရာတစ်ခုကို သွားရောက်ဖို့ကြိုးစားကြတဲ့အချိန်မှာ ဘယ်လိုခက်ခဲမှုတွေ တွေ့ကြုံရတယ်၊ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရပြီး
နောက်ဆုံးမှာ သူတို့ကြားဖူးတဲ့ နာတိုချူးဆိုတဲ့နေရာက တကယ်ပဲရှိတာလား၊ သူတို့ရောက်သွားနိုင်မလားဆိုတာကို The Legend of the Secre Pass ဆိုတဲ့ ကာတွန်းကားလေးမှာ ကြည့်ရှုလိုက်ကြပါဦး။ စကားမစပ် ကာတွန်းကားတွေရဲ့ထုံစံအတိုင်း ချစ်ဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတစ်ကောင်အမြဲပါသလို အခုဇာတ်ကားမှာလည်း ချစ်စရာပုတ်သင်ညိုလေးတစ်ကောင်ကို မြင်တွေ့ကြရမှာနော်။ အားပေးကြပါဦးနော်။

Trailers


{A_09}. The Last Boy (2019)


{A_09}. The Last Boy (2019)

ရေ မြေ လေ မီး နဲ့ပတ်သတ်ပြီးဇာတ်လမ်းအမြောက်အများထွက်ထားဖူးပါတယ် ဒီနှစ်ရဲ့ပထမဆုံး ရေ မြေ လေ မီး ကားအဖြစ်ထွက်လာတဲ့ The last boyဟာလည်းကြည့်လို့ကောင်းတဲ့ကမ္ဘာပျက်ကားထဲမှာပါနေပါတယ်
မြေ​ရေ​လေမီးနဲ့ဖွဲ့စည်းထားတဲ့ဒီ​ကမ္ဘာကြီးမှာ​လေကဖောက်ပြီးလူသတ်လက်နက်ဖြစ်လာပါတယ် ​လေတိုက်ခံရရုံနဲ့ဇီဝိန်ကြွေတဲ့အထိဆိုးဝါးလွန်းတဲ့ခေတ်ပျက်ထဲရောက်နေတာဖြစ်ပြီးဆီရာနဲ့အမေဖြစ်သူတို့ရဲ့သားအမိဟာလည်းရှင်ကျန်သူတွေထဲကနှစ်ယောက်ဖြစ်ကြပါတယ် နိယာမအတိုင်းလေရဲ့အားနည်းချက်ဟာရေဖြစ်တာနဲ့အညီရေရှိနေရင်တော့အန္တရာယ်မရှိနိုင်မှန်းသိသွားတဲ့အခါမှာတော့ လွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ပါပြီ

Trailers


{A_08}. Polar (2019)


{A_08}. Polar (2019)

Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ်၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ်ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ…သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်…ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်

Trailers


{A_07}. Close (2019)

{A_07}. Close (2019)

Action Thriller ပရိတ်သတ်တွေအတွက် Jacquie Davis ဆိုတဲ့သက်တော်စောင့်အမျိုးသမီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်အတိတ်တွေကနေ ရှောင်ပုန်းနေတဲ့ အမျိုးသမီးသက်တော်စောင့်ဆမ်ဖခင်ဖြစ်သူသေဆုံးသွားပြီးနောက် အမွေတွေအားလုံးကိုပိုင်ဆိုင်ရမယ့် ခပ်ဆိုးဆိုးသူဌေးသမီးလေးဇိုဝီကို ပြန်ပေးဆွဲဖို့ကြိုးစားကြတဲ့အခါဇိုဝီအမွေအားလုံးရသွားတာကြောင့် မကျေမနပ်ဖြစ်နေတဲ့ မိထွေးရီမာရဲ့လက်ချက်လား ပြိုင်ဘက်လုပ်ငန်းရှင်တွေကြားက အရှုပ်တော်ပုံတွေနဲ့အတူကြမ်းကြမ်းရမ်းရမ်း Action Scenes တွေကို ဝေဝေဆာဆာကြည့်ရှုရမှာမို့ အကြိုက်တွေ့စေမှာအမှန်ပါ

Trailers


{A_06}. IO (2019)



ဒီနေ့ခေတ်လူသားတွေရဲ့ အသက်ရှင်နေထိုင်ပုံ စားသောက်ပုံနဲ့အသုံးအဆောင်ပစ္စည်းတွေဟာကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကိုများစွာ ထိခိုက်ပျက်စီးစေပါတယ်ဒီဇာတ်ကားက လူသားအများစုဟာ ပျက်စီးနေပြီဖြစ်ပြီးအဆိပ်သင့်နေတဲ့လေထုကြောင့် လူသားတွေ နေထိုင်လို့မရတော့ဘူးယာယီ လွန်းပျံယာဉ်တွေအသုံးပြုပြီး အာကာသထဲထွက်ကာလူနေလို့ရမဲ့ ဂြိုလ်ကို စူးစမ်းရှာဖွေနေကြပါတယ်
ဒါပေမဲ့လည်း ဆမ်ဝယ်လ်ဒန် တစ်ယောက်ကတော့ သူ့အဖေရဲ့ထင်မြင်ချက် မှန်ကန်တယ်ဆိုတာကိုသက်သေပြဖို့ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့ပြီး သုတေသနဆက်လုပ်ကာပြောင်းလဲသွားတဲ့ ကမ္ဘာမြေကြီးမှာ လူသားတွေပြန်လည်ရှင်သန်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေရှာဖွေနေတဲ့အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်

Trailers




{A_05}. True Sight (Ti8) (2019)


{A_05}. True Sight (Ti8) (2019)

True Sight 2018Dota ကစားသမားတွေစောင့်မျှော်နေတဲ့True Sight2018ကတော့ ထွက်ရှိလို့ပါပြီTrue Sightဆိုတာကို တော်တော်များများကသိကြပေမယ့်မသိသေးတဲ့လူတွေအတွက် အနည်းငယ်ပြောပြချင်ပါတယ်The Internationalဆိုပြီး နိုင်ငံတကာမှDota2အသင်းများဝင်ရောက် ယှဉ်ပြိုင်ကြတဲ့TI ပြိုင်ပွဲကြီးကို
နှစ်စဉ်ကျင်းပလာတဲ့အခါမှာအခုဆို ၈ကြိမ်မြောက် ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်တစ်ကြိမ်ကျင်းပပြီးတိုင်း နောက်ဆုံးဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ အသင်းတွေရဲ့Stageနောက်ကွယ်က အခြေအနေအတွေPlayer တွေတစ်ယောက်ချင်းစီရဲ့Final ၅ပွဲအတွင်း စိတ်ခံစားမှုတွေကိုကွက်ကွက်ကွင်းကွင်း ဇာတ်လမ်းတစ်ပုဒ်လို ရိုက်ပြထားတာကိုTrue Sightလို့ ခေါ်တာပါတကယ်တော့ နားလည်လွယ်အောင်သာဇာတ်လမ်းလို့ခေါ်တာပါဇာတ်လမ်းမဟုတ်ပါဘူး Playerတွေရဲ့သဘာဝစစ်စစ်တွေကို ပြသထားတာပါအခုဒီTrue Sightကတော့ မနှစ်ကယှဉ်ပြိုင်ကစားခဲ့တဲ့TI8 Finalမှာတွေ့ဆုံခဲ့ကြတဲ့ PSG.LGD အသင်းနဲ့ OGအသင်းတို့ရဲ့ ယှဉ်ပြိုင်မှုကို ပြသထားတာပါOGအသင်းက TIဝင်ပြိုင်ခါနီးမှာ အသင်းသား၂ယောက် ထွက်သွားတာကြုံတွေ့ခဲ့ပြီးကမန်းကတမ်း ပြန်လည်ဖွဲ့စည်းထားရတာပါPSG.LGD တရုတ်နိုင်ငံကိုယ်စားပြုအသင်းကတော့လူတိုင်းစောင့်ကြည့်ခံနေရတဲ့အသင်းပါမယုံနိုင်စရာပဲ ကမန်းကတမ်းလူစာရင်းနဲ့ OGကFinalကိုတက်လာနိုင်ပြီးတော့PSG.LGDနဲ့ ဖိုင်နယ်မှာပြန်တွေ့ပါတယ်(ပထမတစ်ခါ TI8 အုပ်စုပွဲစဉ်တွေမှာတွေ့တော့OGကနိုင်ခဲ့တာပါ)ဒါပေမယ့်လဲOGက TIချန်ပီယံဖြစ်ဖို့ဝေးလို့Finalတက်ဖို့တောင်အနိုင်နိုင်လို့ထင်ထားတဲ့သူတွေအများကြီးပါဒါပေမယ့်လည်းOGတက်ရောက်လာခဲ့ပါတယ် OGဟာအရာရာ ဆုံးရှုံးခဲ့သူပါအသင်းသား၂ယောက်ဆုံးရှုံးရတယ် ဖိနှိပ်မှုတွေခံရတယ်ဒါပေမယ့် ဘာမှထပ်ဆုံးရှုံးစရာမရှိတော့တဲ့ သူတစ်ယောက်က လောကမှ ကြောက်ဖို့အကောင်းဆုံးမဟုတ်လား…OG မှာ နိုင်လဲအမြတ် မနိုင်လဲ အရင်း ထပ်ဆုံးရှုံးစရာမရှိတော့ပါဘူးသူတို့ ရလဒ်ကို မမျှော်ကိုးပဲ ယှဉ်ပြိုင်ခဲ့ပါတယ်ဒီ True Sightမှာခေါင်းဆောင်ကောင်းဆိုတာဘယ်လိုလဲDotaဆိုတာဘယ်လိုGameမျိုးလဲဆိုတာကို သင်တို့နားလည်သွားမှာပါ(Dota သမားမဟုတ်တဲ့သူတွေများကလဲ TIပြိုင်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားပုံကို စပ်စုကြည့်သင့်ပါတယ်)

Trailers


{A_04}. Revenger (2019)


{A_04}. Revenger (2019)

Action ကားပရိသတ်တွေအတွက် သဘောတွေ့စေမဲ့ ကိုရီးယားအက်ရှင်ကားသစ်ဖြစ်ပါတယ်။ကိုရီးယားအက်ရှင်ကားတော်တော်များများဟာ အတော်လေးကြည့်ကောင်းတာများပါတယ်။ရိုက်ကူးပုံတွေကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့အတွက် ကိုရီးယားအက်ရှင်ကးတွေကိုလူကြည့်များလာကြပါတယ်။ဒီကားလေးကလည်း အက်ရှင်သီးသန့်ဇာတ်ကားဖြစ်ပြီး အသတ်အပုတ် အတိုက်အခိုက် အကွဲအပြဲ သွေးအလိမ်းလိမ်းနဲ့တွေ့မြင်ရမဲ့ဇာတ်ကားပါ။ဇာတ်ဝင်ခန်းအများစုက သတ်ပုတ်နေတာဖြစ်တာကြောင့် ကြည့်ရတာပျင်းမသွားစေပါဘူး။
အက်ရှင်သီးသန့်ဖြစ်တဲ့အတွက် ဇာတ်လမ်းကိုသိပ်မညွှန်းတော့ပါဘူး။အက်ရှင်ပရိသတ်တွေအတွက် တကယ်မပျင်းရစေမဲ့ရိုက်ချက်တွေ အသတ်အပုတ်တွေကိုသေချာတင်ဆက်ထားပြီး နောင်တရစေမဲ့ဇာတ်ကားမဟုတ်တဲ့အတွက် ကြည့်စေချင်ပါတယ်။

Trailers


{A_03}. Reign of the Supermen (2019)


{A_03}. Reign of the Supermen (2019)

DC fan တွေအတွက်တော့ Aquaman 1Billion ဂယက်အပြီးမှာနောက်ထပ်ဂယက်ထဖို့အကြောင်းဖန်လာပြန်ပါပြီ။အဲဒါကတော့ Death of Superman ရဲ့အဆက် Reign of Superman ပါပဲ။Doomsday နဲ့တိုက်ပွဲအပြီးမှာ Superman သေဆုံးသွားတဲ့အတွက်တစ်ကမ္ဘာလုံးဟာ နှမြောတသဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူ့ရဲ့ကွက်လပ်ကိုဖြည့်တင်းဖို့အတွက် Superman တွေများစွာပေါ်ပေါက်လာပါတယ်။အဲဒီ Superman တွေကဘယ်သူတွေလဲ၊ဘယ်ကလာတာလဲ၊
ဘာရည်ရွယ်ချက်ကြောင့်လာတာလဲ ဘယ်သူမှမသိကြပါဘူး။Superman ရဲ့နေရာကိုဆက်ခံဖို့ရော ထိုက်တန်ကြရဲ့လား။နောက်ပြီး Superman အစစ်ရဲ့ရုပ်ကြွင်းကလည်း ဘယ်ကိုရောက်သွားတာလဲ။ဒါကိုလည်းမသိကြပါဘူး။အရာအားလုံးဟာ ပဟေဠိဆန်ဆန်ဖြစ်နေပါတယ်။ဒီရုပ်ရှင်ရဲ့ Plot ကတော့ အများကြီးပြောပြလို့မရတဲ့အထဲမှာပါတယ်ဗျ။Superman မရှိတော့တဲ့နောက်ပိုင်းSuperman ကိုလိုက်တုတဲ့သူတွေ ပေါ်လာတယ်။လူတွေကိုကယ်တယ်။အဲဒီလိုဇာတ်ကောင်တွေကို တဖြည်းဖြည်းချင်းမိတ်ဆက်၊ နောက် သူတို့ရဲ့ Identity တွေဖော်သွားပြီးမှ ဇာတ်လမ်းကျောရိုးပေါ်လာတာကြောင့်ပါ။DC ဖန်တွေအတွက်လုံးဝကြည့်ရကျိုးနပ်စေမယ့် ကြက်သီးထစေမယ့် အခန်းတွေလည်း အများကြီးပါပါတယ်။နောက်ပြီးတော့ Credit Scene တစ်ခုလည်းပါပါသေးတယ်။ကဲ အများကြီးညွှန်းမနေချင်တော့ဘူးဗျာ။DCAMU က ကျွန်တော်တို့ကို ဘယ်တုန်းကစိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။မြန်မြန်သာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Trailers


{A_02}. Loophole (2019)


{A_02}. Loophole (2019)

ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို လူစီဖာနှောက်ယှက်တဲ့ရန်ကနေ ကာကွယ်ဖို့အတွက် အိန်ဂျယ်အယောက်နှစ်ရာကို စောင့်ကြပ်သူများအဖြစ် ကမ္ဘာမြေပေါ်စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် စောင့်ကြပ်သူတွေဟာ လူသားတွေကို သွေးထိုးပြီး စစ်ပွဲတွေ မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့အတွက် ဘုရားသခင်က ကမ္ဘာကြီးကို
ရေနှစ်မြှုပ်သန့်စင်ခဲ့ပြီး စောင့်ကြပ်သူတွေကိုလည်း ကျောက်ရုပ်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် လူစီဖာဟာ စောင့်ကြပ်သူအစ်ဇီရယ်ကို ကယ်တင်ခဲ့နိုင်ခဲ့ပြီး နတ်ဆိုးဆင်မြူဇာကိုလွတ်မြောက်အောင်လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ဆင်မြူဇာကိုလွတ်မြောက်စေနိုင်တာက ဘုရားသခင်ကို ပုန်ကန်ခဲ့သူ ဂျုဒပ်စ်နောက်ဆုံးမျိုးဆက်ရဲ့ သွေးပဲဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာခဲ့ရတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့ လစ်ဇီတစ်ယောက် ကမ္ဘာကြီးရဲ့အဆုံးသတ်က သူ့လက်ထဲမှာရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်…

Trailers


{A_01}. The Demonologist (2019)


{A_01}. The Demonologist (2019)

အဘာတူ၊ မိုးလတ်၊ အဘာဒန်၊ လက်ဗီယာသန်း တို့ဟာ လူစီဖာကို ပုန်ကန်ခဲ့ပြီးတော့ကမ္ဘာပျက်သုဉ်းစေတဲ့ မြင်းစီးစစ်သည်တော်လေးဦး(Four Horseman of Apocalypse) ဖြစ်လာခဲ့ပါတယ်…ထိုအခါမှာ လူစီဖာဟာ ကမ္ဘာမြေကိုရောက်ရှိလာပြီးတော့ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် သူ့ရဲ့သွေးရင်းမျိုးဆက်ဖြစ်တဲ့
တဲရစ်နဲ့ ဆီးရပ်စ်ဆိုတဲ့ မျိုးဆက်နှစ်ခုကို ချန်ထားခဲ့ပါတယ်…ဒါပေမယ့် တဲရစ်မျိုးဆက်ဟာ လူစီဖာကို ပုန်ကန်ခဲ့ပြီးတော့မြင်းစစ်သည်တော်လေးဦးနဲ့ ပူးပေါင်းပြီး ကမ္ဘာကြီးကိုဖျက်ဆီးဖို့ ကြံရွယ်လာတဲ့အခါမှာတော့.ကိုယ့်ကိုကိုယ် ဘယ်သူဆိုတာကိုတောင် မသိသေးတဲ့ စီးရပ်ဖ်မျိုးနွယ်ရဲ့နောက်ဆုံးလက်ကျန် ဒေမီယန် စီးရပ်ဖ်တစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်…မှော်ဒဏ္ဍာရီဆန်တဲ့ ကားတစ်ကားဖြစ်တာမို့ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ…

Trailer